J-SATကုမ္ပဏီသည်မြန်မာနိုင်ငံအားရည်မှန်းချက်အိမ်မက်များအပြည့်ရှိသောနိုင်ငံတစ်ခုအဖြစ် ဖန်တီးနိုင်ရန်ရည်ရွယ်ချက်ဖြင့် ၁၉၉၈ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ၌လုပ်ငန်း စတင်တည်ထောင်ခဲ့ပါသည်။
မြန်မာနိုင်ငံ၏အနာဂါတ်ကိုဖန်တီးမည့်လူငယ်များ ဂျပန်နိုင်ငံတွင်စိတ်ချလက်ချနေထိုင်နိုင်ပြီး၊ ဂျပန်ကုမ္ပဏီများကလည်းမြန်မာလူငယ်များကိုယုံကြည်စိတ်ချစွာလုပ်ငန်းအပ်နှံနိုင်ရန် ကျွန်ုပ်တို့ကုမ္ပဏီမှ ကိုယ်စွမ်းဉာဏ်စွမ်းအပြည့်အဝအသုံးချ၍ကူညီဆောင်ရွက်ပေးပါမည်။

ဂျပန်နေထိုင်မှုအတွက်အချက်အလက်များ

ဂျပန်တွင်အလုပ်လုပ်နေသောမြန်မာလူမျိုးတို့၏အမေးအဖြေများ

Qခွင့်ယူပြီးမြန်မာပြည်ပြန်လို့ရပါသလား။

ဗီဇာသည် သင်တန်းသားဗီဇာဖြစ်သောကြောင့် သင်ယူနေသည့်အချိန်ကာလတွင် ပြန်၍မရနိုင်ပါ။
သို့သော် ချွင်းချက်အနေဖြင့် အရေးပေါ်အခြေအနေမျိုးတွင် ကုမ္ပဏီမှခွင့်ပြုချက်တောင်းခံပြီး လူဝင်မှုကြီးကြပ်ရေး၌ လျောက်လွှာတင်ပါက ခေတ္တခဏပြန်နိုင်ပါသည်။

Qလစာမပျက်ခွင့်ယူတဲ့နည်းကိုပြောပြပါ။

နည်းပညာသင်တန်းသားအဖြစ် ဂျပန်နိုင်ငံသို့ရောက်ရှိလာသည့် သင်တန်းသားသည် လုပ်ငန်းခွင်တွင် လုပ်သက်၆လကျော်ပါက လစာရခွင့်ရက် ၁၀ ရက်၊ ၂နှစ် မှ ၂နှစ်ခွဲ ဖြစ်ပါက လစာရခွင့်ရက် ၂၀ရက်အထိ ရရှိနိုင်ပါတယ်။ မှတ်ချက်အနေဖြင့် အဆိုပါ လစာရခွင့်ရက်ရှည်ကို နေထိုင်မကောင်းဖြစ်တဲ့အချိန်မှသာ ယူသင့်သည်ဟု တိုက်တွန်းချင်ပါတယ်။ အဘယ့်ကြောင့်ဆိုသော် ကျန်းမားရေးကြောင့် ခွင့်ရက်ရှည်မယူမဖြစ် ယူရတော့မည့်အခြေအနေမျိုးတွင် လစာရခွင့်ရက်ကို အသုံးပြုမည်ဆိုပါက မိမိ၏လစာထဲမှ ဖြတ်တောက်ခြင်း၊ လျော့သွားခြင်းများ ရှိတော့မည်မဟုတ်ပါ။

Qတစ်လ၂ကြိမ်စနေနေ့တွင်ပိတ်မည်လို့စာချုပ်မှာရေးထားပေမယ့် တစ်ကြိမ်ပဲပိတ်တာဘာကြောင့်လဲ။

ဒုတိယအပတ် (သို့မဟုတ်) စတုတ္ထအပတ် စနေနေ့ကို ပိတ်ရက်အဖြစ် သတ်မှတ်သည်ဟု စာချုပ်တွင် ဖော်ပြထားပါက၊ ဂျပန်လို moshikuwa (သို့မဟုတ်)သည် နှစ်ရက်ထဲမှ တစ်ရက်ဖြစ်သည်ဟု အဓိပ္ပါယ်ရသောကြောင့် တစ်လတွင်တစ်ကြိမ်သာ ပိတ်ရက်ဖြစ်သွားပါမည်။ ဂျပန်ဘာသာစကားတွင် အဓိပ္ပါယ်ကောက်ရခက်သော စကားလုံးအသုံးအနူန်းများလည်း ရှိနိုင်သောကြောင့် စကားလုံးအနက်အဓိပ္ပါယ်ကို အချိန်ပေးပြီး ရှာဖွေကြည့်ပါက ရှင်းလင်းထင်ရှားစွာ ထွက်ပေါ်လာပါမည်။

Qအလုပ်နေရာပြောင်းရပြီးကိုယ်တစ်ယောက်တည်း တခြားဌာန ရောက်သွားတယ်။ အဆင်ပြေပါ့မလား။

အခြားဌာနသို့ ပြောင်းရွှေ့ရခြင်းသည် ကုမ္ပဏီဘက်မှ သင်နှင့်အဆင်ပြေသည်၊ ကိုက်ညီသည်ဟုယုံကြည်ပြီး ဆုံးဖြတ်ရခြင်းဖြစ်သည်။ အားလျော့ခြင်း၊ စိတ်ဓါတ်ကျခြင်းမျိုးမရှိဘဲ မိမိကိုယ်ကိုယုံကြည်မှုထားပြီး ကြိုးစားပါ။ နောက်ဆုံးတွင် ရလဒ်အနေဖြင့် လုပ်ငန်းခွင်အသစ်တွင် ပြသာနာများမရှိဘဲ၊ အဆင်ပြေပြေလုပ်ဆောင်နိုင်တယ်ဆိုတဲ့ အောင်မြင်မှုများ ခံစားရမှာပါ။

Qအလုပ်သမားပင်စင်ငွေကအဖြတ်ခံရတာအများဆုံးဖြစ်တယ်။ ပင်စင်ခွန်ဆောင်ရင်ဘယ်လိုဖြစ်မှာလဲ။

အလုပ်သမားပင်စင်က ဂျပန်နိုင်ငံတွင် အလုပ်ဝင်တဲ့အချိန်မှစ၍ အခွန်ဆောင်နေရပြီး၊ တိုင်းပြည်ပြန်သည့်အချိန်တွင် ပင်စင်ကြေးထုတ်ယူရန် လျောက်ထားပါက ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။ ဥပဒေကသတ်မှတ်ထားတဲ့ပမာဏအတိုင်း ရရှိနိုင်ပါသည်။

အားလုံးရဲ့အသံ

記事写真

စိတ်ဖိစီးမှုဖြေရှင်းနည်း အထူးကဏ္ဍ ၁

ကိုသက်ဆွေဦး၊ ကိုဖြိုးညီအောင်၊ မလင်းဇာခြည်ထွန်း။

ဒီသုံးယောက်ကအားလုံးကိုပြောပြချင်တဲ့ စိတ်ဖိစီးမှုဖြေဖျောက်နည်းတွေကိုတွေ့ရမှာပါ။ အသုံးဝင်မှာပါ။
(ဆက်လက်ဖတ်ရှုရန်)

記事写真

စိတ်ဖိစီးမှုဖြေရှင်းနည်း အထူးကဏ္ဍ ၂

ကိုပြည့်ဖြိုးအောင်၊ ကိုရဲရင့်ထွန်း။

သူတို့နှစ်ယောက်ပြောပြမယ့်စိတ်ဖိစီးမှုဖြေရှင်းနည်းကရောဘာတွေဖြစ်မလဲ။ ဓါတ်ပုံတွေလည်းဝေဝေဆာဆာနဲ့ပါ။
(ဆက်လက်ဖတ်ရှုရန်)

記事写真

တာကာအိုတောင်ကိုရောက်ခဲ့တယ်။

မဝိုင်းဝိုင်းအောင်

အားလုံးမင်္ဂလာပါ။ ကျွန်မနာမည်ဝိုင်းဝိုင်းအောင်ပါ။ ဧပြီလပိတ်ရက်မှာကုမ္ပဏီကလုပ်ဖော်ကိုင်ဖက်နဲ့အတူ တာကာအိုတောင်ကိုသွားခဲ့ပါတယ်။
(ဆက်လက်ဖတ်ရှုရန်)